Homecell

2024 ရဲ့ အိမ်တွင် အဖွဲ့ငယ်များ စုဝေးပြီး မိတ်သဟာယ ပြုလုပ် ခြင်းကို ဖေဖော်ဝါရီလ မှ ဧပြီလ ထိလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အားလုံးဘဲ မိမိနှင့် နီးစပ်ရာတွေ မှာ ပါဝင်ပြီး ဝိညာဉ်ရေးရာမှာ သာ၍ကြီးထွားရုံတင်မက .. ဘုရားရှင်ထံက လာတဲ့ လွတ်မြောက်ခြင်း၊ ဝမ်းမြောက်ခြင်း နှင့် ပျော်ရွင်ခြင်းများကို ခံစားရရှိဖို့ အရယူလိုက်ပါ။

အားကြီးတဲ့ ဟုမ်းဆဲလ်က အားကြီးတဲ့အသင်းတော်ကို ဖြစ်စေပါတယ်။ ဒါကြောင့် ဘ၀သစ်ရန်ကုန်အနေဖြင့် အားကြီးသော အသင်းတော်ကြီးဖြစ်လာဖို့ ဟုမ်းဆဲလ်များတွင် အားလုံး ပါဝင်ကြစေလို့ပါသည်။

ဟုမ်းဆဲလ်တိုင်းမှာ ဦးဆောင်သူအသီးသီးရှိသလို မိတ်ဆွေအနေနဲ့လည်း ပါဝင်ဦးဆောင်ပြီး အဖွဲ့ငယ်အသစ်စတင်လိုပါက အသင်းတော်ကို အချိန်မရွေး ဆက်သွယ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

၂၀၂၄ ဟာ ဘုရားသခင်ပေးတဲ့ ရူပါရုံအတိုင်း ချဲ့တိုးကောင်းချီးမင်္ဂလာများ ရရှိခံစားရမယ့် နှစ်ဖြစ်သည့်အားလျှော်စွာ အားလုံးရဲ့ ပါဝင်ခြင်းဖြင့် အယောက်တိုင်းအပေါ် ကောင်းချီးမင်္ဂလာများ စီးဆင်းရုံတင်မက မိတ်ဆွေအားဖြင့် ကောင်းချီးမင်္ဂလာများ ဆက်လက် စီးဆင်းဖို့ ဖြစ်ပါတယ်။

၂၀၂၄ ရဲ့ ဟုမ်းဆဲလ် ရူပါရုံကတော့ Every Shares ပါ။ အယောက်တိုင်း ဝေမျှဖို့ .. ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေအနေနဲ့ နှလုံးသားထဲက ဘုရားစကားများကို သက်သေခံဝေငှဖို့ အခွင့်အရေးလည်းဖြစ်သလို သင့်ရဲ့ ဝေငှခြင်းအားဖြင့်လည်း တခြားသူများထံ ကောင်းချီးများ ဆက်လက်စီးဆင်းစေဖို့ ဖြစ်ပါတယ်။

အားလုံးအားလုံးကို အချိန်ပေးပြီး အထူးအထူးပါဝင်ကြဖို့ နှိုးဆော်ပါတယ်။

တခြားသိလိုတာများရှိရင် .. ကျေးဇူးပြုပြီး ဘ၀သစ်ရုံးသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 09250-388422 ကို ဆက်လို့ရပါတယ်။