ဘ၀သစ်ရန်ကုန်မှ ကြိုဆိုပါတယ်။
မိတ်ဆွေသစ်များကို အထူးခင်မင်ချင်တဲ့ သူတွေဖြစ်ပါတယ်။ ဒါကြောင့် သင့်ကို ဘ၀သစ်မှာ မိသားစုတစ်စုလို ခံစားရစေချင်ပါတယ်။ လူတိုင်းဟာ မိမိဘ၀ရဲ့ခရီးလမ်းကို အတူတူလျှောက်လှမ်းနိုင်မယ့် မိတ်ဆွေကောင်းတွေကို လိုအပ်သလို ကျွန်ုပ်တို့လည်း လိုအပ်ပါတယ်။
“ဘုရားသခင်ပေးတဲ့ ဆုကျေးဇူးကို ဖော်ထုတ်၊မွမ်းမံ အသုံးပြုပါ”
ဘ၀သစ်ရဲ့အဓိကရည်ရွယ်ချက်က ယုံကြည်သူတိုင်း ဘုရားသခင်ပေးတဲ့ ကိုယ်ပိုင်ဆုကျေးဇူးကို တွေ့ရှိနိုင်ဖို့၊ အဲဒီဆုကျေးဇူးကို မွမ်းမံပြီး အသင်းတော်ရဲ့မှာ အသုံးပြုခြင်းအားဖြင့် ပိုမိုရင့်ကျက်တဲ့သူတွေ ဖြစ်လာစေဖို့ပါ။ လူတစ်ယောက်ရဲ့ ရင့်ကျက်မှုဟာ သူတက်တဲ့ အသင်းတော်ရဲ့ အရွယ်အစားပေါ်မှာ မူတည်တာမဟုတ်ဘဲ အဲဒီအသင်းတော်ရဲ့အမှုတော်မှာ သူ့ရဲ့ပါဝင်ဆက်ကပ်မှု အပေါ်မှာပဲ မူတည်တယ်လို့ ကျွန်ုပ်တို့ယုံကြည်ပါတယ်။ ဘ၀သစ်ရန်ကုန်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ အမြဲတမ်းကြိုဆိုပါတယ်။
“မိသားစုဝင်တစ်ဦးဖြစ်လာရန် ဖိတ်ခေါ်ပါတယ်”
ဘ၀သစ်မှာ အသင်းဝင်မိသားစုဝင်ဖြစ်လာခြင်းက သင့်ရဲ့အိမ်နဲ့ဘဝကို ကျွန်ုပ်တို့ရဲ့သင်းအုပ်ဆရာ၊ ဆရာမတွေနဲ့ အမှုတော်ဆောင်တွေအတွက် တံခါးဖွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါဟာ ကျွန်ုပ်တို့ကို သင့်အတွက် ဆုတောင်းပေးဖို့နဲ့ အစေခံပေးဖို့ တံခါးဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ အသင်းဝင်ခြင်းနဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ ပထမဆုံးအကြိမ် လာရောက်သူတွေအနေနဲ့ အလှူငွေ နှင့် ဆယ်ဖို့တစ်ဖို့ ပါဝင်စရာ မလိုအပ်ပါဘူး။
“ကျွန်ုပ်တို့နဲ့အတူ လာရောက်ပါဝင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။”
ကိုယ်တိုင်လာရောက်ပြီး ဝတ်ပြုကိုးကွယ်ချင်တယ်ဆိုရင်တော့ အမှတ် (၁၂)၊ ဒေါ်နလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန် (အင်းစိန်ဆေးရုံနဲ့ ကွယ်ဂဘောဆေးရုံကြား) ကို လာခဲ့နိုင်ပါတယ်။
ကျေးဇူးပြုပြီး လာရောက်ပါလို့ ဖိတ်ခေါ်ပါတယ်နော်။ ကျွန်ုပ်တို့နဲ့အတူတူ ချီးမွမ်းကိုးကွယ်ခြင်းနဲ့ နှုတ်ကပါတ်တော်ကို နားထောင်ရင်း ယေရှုခရစ်တော်ကို အမှန်တကယ် ဖူးတွေ့နိုင်မှာပါ။